“Asian Financial Forum 2025 တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သို့ တရားဝင်ဖိတ်ကြား”

25 Oct

အာရှဘဏ္ဍာရေးဆိုင်ရာဖိုရမ် (Asian Financial Forum 2025) ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၄ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ Hong Kong Convention and Exhibition Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါဖိုရမ်၌ မြန်မာနိုင်ငံမှပါဝင်ပြသရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သို့ ဟောင်ကောင်ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (HKTDC)က တရားဝင်ဖိတ်ကြားထားကြောင်း သိရပါတယ်။ အာရှဒေသဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် Asian Financial Forum ကို ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ ထောင်နှင့်ချီကာ တက်ရောက်လေ့ရှိတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။ Asian Financial Forum 2025 ပြပွဲတွင်နိုင်ငံတကာမှ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများအတွက် ခင်းကျင်းပြသမည့် AFF ကမ္ဘာလုံးဆိုင်ရာ (AFF Global Investment Zone-GIZ)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရန် ပြခန်းတစ်ခန်းကို သက်ဆိုင်ရာက အခမဲ့စီစဉ် ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံမှရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်သည်လုပ်ငန်းရှင်အသင်းများနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစေလွှတ်ပြီး အခြားနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်လိုတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုရှာဖွေခြင်း၊ မိတ်ဖက်လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စတဲ့ အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ Asian Financial Forum 2025 တွင် ပါဝင်ပြသလိုပါက မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်းနံပါတ်-၀၆၇၄၀၈၆၂၂ နှင့် E-mail: event.td. [email protected] တို့ကို ဆက်သွယ်စုံစမ်းကာ ပါဝင်နိုင်ကြောင်း သိရပါတယ်။ (NVS 004)

25 Oct

ADVERTISE HERE .