“နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်”

25 Oct

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Thai Binh ပြည်သူ့ကော်မတီအနေဖြင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ အတည်ပြုပြီးဖြစ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ် ၂၀၂၄ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် Thai Binh မြို့တွင် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲအား ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၏ လူမှုစီးပွားဘဝအောင်မြင်မှုများကို ပြသနိုင်မှာဖြစ်သလို ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသခြင်းဖြင့် ထုတ်ကုန်နှင့်အမှတ်တံဆိပ်များကို မိတ်ဆက် နိုင်ခြင်း၊ မိတ်ဖက်လုပ်ငန်းရှင်များ ရှာဖွေနိုင်ခြင်း စတဲ့အခွင့်အရေးများ ရရှိနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ (International Agricultural Trade Fair 2024) တွင် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

25 Oct

ADVERTISE HERE .