ကုန်ဈေးနှုန်းသတင်း ၂၄.၁၀.၂၀၂၄
24 Octအောက်တိုဘာလ ၂၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပေမယ့် ပြောင်းဆန်နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ် နေပါတယ်။ ကြက်သွန်နီနဲ့ အာလူးဈေးတွေ အနည်းငယ် မြင့်တက်လာပြီး ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေး တွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၃,၂၆၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၆,၂၈၅ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၃၉၀ ကျပ်ကနေ ၆,၄၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၈,၆၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၈၀ ကျပ်ကနေ ၁,၅၀၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာ ကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၈၀၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၀,၅၀၀ ကျပ်ကနေ ၁၇,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာ ကို ၄,၈၀၀ ကျပ်ကနေ ၅,၀၅၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၁၆,၀၁၀/-) ငါးဆယ် ခြောက်သိန်း တစ်သောင်း ခြောက်ထောင် တစ်ဆယ် ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၇၂၀,၀၀၀ိ/-) ခြောက်ဆယ် ခုနှစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။