“ရီစီဂျိမ်းစ် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောခဲ့တဲ့ နည်းပြ မာရက်စ်ကာ ပြော”

24 Oct

ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာ က အသင်းခေါင်းဆောင် ရီစီဂျိမ်းစ် အနေနဲ့ လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့ ပါတယ်။ အသက် ၂၄ နှစ်အရွယ် ရီစီဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကတည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတာကြောင့် ပွဲစဉ်အများစုကို လွဲချော်ခဲ့ပြီး ယခုဘောလုံးရာသီအစပိုင်းမှာလည်း ပွဲစဉ်များကိုလွဲချော်ခဲ့ပါတယ်။ ရီစီဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ လီဗာပူးအသင်းနှင့်ပွဲစဉ်ကျမှသာ စတင်ပါဝင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီစီဂျိမ်းစ် အနေနဲ့ ဒဏ်ရာမှ ပြန်လည်သက်သာလာပေမယ့် လာမည့်ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ ကာလမှာ ဘင်ဖီကာအသင်း သို့မဟုတ် အက်သလက်တီကိုအသင်းတို့အနက် တစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများလုပ်ဆောင်လျက်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့တဲ့အတွက် နည်းပြ မာရက်စ်ကာ က အသင်းကနေထွက်ခွာမှာမဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

24 Oct

ADVERTISE HERE .