“(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို ကျင်းပနိုင်ရေးဆောင်ရွက်”

24 Oct

(၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို လာမည့်နိုဝင်ဘာလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဉ်ထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာ လှေလှော်နှင့် နဂါးလှေ‌လှော်ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဒေသအစားအစာနှင့်မုန့်ဈေးရောင်းပွဲ၊ သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲ၊ ဇာတ်သဘင်အကအလှများ၊ ဌာနဆိုင်ရာများနှင့် MSMEs ပြခန်းများ၊ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Oct

ADVERTISE HERE .