“လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ရန် ဆွေးနွေးနေတဲ့ ဗန်ဒိုက်”
23 Oct
ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက် က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ အောက်တိုဘာလ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဗန်ဒိုက် နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် လီဗာပူးလ်အသင်းက စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းက အခုရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် လီဗာပူးလ်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်ပေးဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ဗန်ဒိုက် က ပြောကြားခဲ့ပါတယ်။ ဗန်ဒိုက် ဟာ ၂၀၁၈ ခုနှစ်မှာ လီဗာပူးလ်အသင်း ကို ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ပွဲပေါင်း ၂၈၀ ကျော် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ (NVS 008)
23 Oct