“ဂိုးသွင်းနိုင်ရေးအာရုံစိုက်ရန် ဘာပေ ကို တိုက်တွန်းပြောကြားခဲ့တဲ့ အန်ဆလော့တီ”

23 Oct

ရီးရဲလ်အသင်းရဲ့နည်းပြ အန်ဆလော့တီ ဟာ အသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေ ကို အသင်းအတွက် အခု ထက်ပိုပြီး ဂိုးတွေသွင်းယူပေးဖို့ကိုသာ အာရုံစိုက်ထားဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေ ကို အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘန်ဇီမာ ကစားခဲ့သလိုမျိုး ကစားဖို့ကိုသာ နည်းပြအန်ဆလော့တီက ပိုပြီးအလိုရှိနေခဲ့တာ ဖြစ်ပါတယ်။ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခြင်းဟာ တိုက်စစ်မှူးတွေရဲ့ အဓိကတာဝန်ဖြစ်တာကြောင့် အမ်ဘာပေ ကို အသင်းအတွက် အခုထက်ပိုပြီး ဂိုးတွေသွင်းယူပေးဖို့ အလိုရှိတယ်လို့ နည်းပြအန်ဆလော့တီ က ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းမှာ ဘန်ဇီမာ ကစားပေးခဲ့သလိုမျိုး ကစားပေးဖို့အတွက် အမ်ဘာပေ ကို အကြံပေးခဲ့သလို သူ့ဆီကနေ သွင်းဂိုးတွေကို အခုထက်ပိုပြီး မျှော်လင့်မိတယ်လို့လည်း နည်းပြ အန်ဆလော့တီ က ဆက်လက် ပြောကြားခဲ့ပါတယ်။ အမ်ဘာပေ ဟာ အခုဘောလုံးရာသီမှာမှ ရီးရဲလ်အသင်းကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .