“TGL ဂေါ့ဖ်လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုက်ဂါးဝုဒ်”

23 Oct

၂၀၂၅ ခုနှစ်မှာ စတင်ကျင်းပမယ့် TGL ဂေါဖ့်လိဂ်ပြိုင်ပွဲမှာ အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် စတင်ကျင်းပမယ့် TGL ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ် ဟာ မြောက်အိုင်ယာလန်မှ မက်အီရွိုင်း နဲ့အတူ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ မေဂျာဆုဖလား ၁၅ ကြိမ်အထိ ရရှိထားတဲ့ တိုက်ဂါးဝုဒ် ဟာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေ ကြောင့် ပြိုင်ပွဲအများစုကို လွဲချော်ခဲ့ရပြီး နည်းပညာ အကူအညီနဲ့ယှဉ်ပြိုင်မယ့် TGL ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် တိုက်ဂါးဝုဒ် ဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ပြိုင်ပွဲတွေကို အကန့်အသတ်နဲ့သာ ယှဉ်ပြိုင်နေခဲ့တာဖြစ်ပါတယ်။ TMRW Sports ကနေ တာဝန်ယူကျင်းပတဲ့ TGL ဂေါ့ဖ်လိဂ်မှာ ပြိုင်ပွဲဝင် ၄ ဦးပါဝင်တဲ့ အသင်း ၆ သင်း ခွဲခြားထားပြီး ၂၀၂၅ ဇန်နဝါရီကနေ မတ်လအတွင်း ပွဲစဉ်ပေါင်း ၁၅ ခုကို ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်ကတော့ မက်စ်ဟိုမာ၊ တွမ်ကင်မ်၊ ကစ်ရှ်နာတို့ပါဝင်တဲ့ ဂျူပီတာလင့်ခ် အသင်းမှာ ပါဝင်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .