“အကယ်ဒမီဆုရွေးချယ်နိုင်ရေးအတွက် အဂတိကင်းရှင်းတဲ့ အကဲအဖြတ်များကို ဖိတ်ခေါ်”

23 Oct

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီဆု)များ ရွေးချယ်ရာမှာ ဘက်လိုက်ခြင်းကင်းသော ဆုံးဖြတ်မှုရရှိနိုင်ရန် အတွက် အကဲဖြတ်ပညာပြည့်ဝ၍ အဂတိကင်းရှင်းသော ရုပ်ရှင်အကဲဖြတ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်လျက်ရှိပါတယ်။ အကဲဖြတ်အဖွဲ့ဝင်ဖြစ်နိုင်ရန်အတွက် သတ်မှတ်ထားတဲ့ အချက်အလက်များမှာ ရုပ်ရှင်ထူးချွန်ဆုရထားသူ၊ ထူးချွန်ဆုမရပေမယ့် ရုပ်ရှင်ပညာသည်အဖြစ် ရုပ်ရှင်သက် ၁၀ နှစ်ထက်မနည်းအတွေ့အကြုံရှိသူ၊ ဆန္ဒ၊ ဒေါသ၊‌ ဘယ၊ မောဟ အဂတိတရားတွေနဲ့လွတ်ကင်းသူ၊ ဘက်လိုက်မှုကင်းသူ၊ အုပ်စုဖွဲ့ပြီး မိမိဆန္ဒရှိတဲ့သူကို ထူးချွန်ဆုပေးခြင်း လွတ်ကင်းသူ၊ ရုပ်ရှင်ကားတွေကြည့်ရှုဖို့ အချိန်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ ၁၉၅၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၁၉၅၃ ခုနှစ်မှစ၍ ကျင်းပချီးမြှင့်လာခဲ့ရာ ၂၀၁၂ ခုနှစ်မှ စတင်ကာ ရုပ်ရှင်လောကသား ရုပ်ရှင်အနုပညာရှင်၊ ရုပ်ရှင်အတတ်ပညာရှင်ကြီးများကသာ ရုပ်ရှင်ထူးချွန်ဆုကို အကဲဖြတ်ပေးလျက်ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .