“ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး လေကြောင်းခရီးစဉ်ကို အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲပေးမည်”

23 Oct

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်ကို အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ အချိန်ပြောင်းလဲပျံသန်းပြေးဆွဲမှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ခရီးသွားပြည်သူများ သွားလာမှုပိုမိုအဆင်ပြေစေရန် လေကြောင်းလိုင်းပြေးဆွဲမှုကို နေ့လည်ပိုင်းတွင် ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်ကို တနင်္ဂနွေနေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်ကို တနင်္လာနေ့တွင် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်၊ ပုသိမ်မှ နေ့လည် ၁၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည် ၂ နာရီ ၁၀ မိနစ်၊ ညောင်ဦးမှ နေ့လည် ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ ၃ နာရီတွင် ရောက်ရှိမှာ ဖြစ်ပါတယ်။ မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဉ်ကို တနင်္လာနေ့တွင် မန္တလေးမှ နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည် ၂ နာရီ ၅၅ မိနစ်၊ ညောင်ဦးမှ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်၊ ပုသိမ်မှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမှာ ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်အတွင်း ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆၀,၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉၀,၀၀၀၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁၀,၀၀၀နှင့် ရန်ကုန် မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀,၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .