“မုံရွာကုန်စိမ်းပွဲရုံများတည်ဆောင်မှု ၈၀ ရာခိုင်နှုန်းပြီးစီး”

23 Oct

မုံရွာမြို့ ပြည်ထောင်စုဈေးကို ငွေကျပ်သန်းပေါင်း ၁,၄၀၀ ကျော် အကုန်ကျခံကာ တည်ဆောက်လျက်ရှိပြီး ကုန်စိမ်းပွဲရုံများတည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ မုံရွာမြို့မှာ ကုန်စိမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ တချို့ပွဲရုံများက မြို့တွင်းလမ်းဘေးနေရာများမှာ ကျူးကျော်ကာ ရောင်းချနေခြင်းများကြောင့် အန္တရာယ်ကင်းရှင်းပြီး စည်းကမ်းတကျရောင်းချနိုင်ရန်အတွပ် မုံရွာမြို့ ပြည်ထောင်စု ဈေးမှာ ကုန်စိမ်းပွဲရုံများ တည်ဆောက်ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကုန်စိမ်းပွဲရုံများကို ရုံပေါင်း ၁၂ ရုံအထိ တည်ဆောက်မှာဖြစ်ပြီး လက်ရှိမှာတည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါအောင်မြင်သော ကုမ္ပဏီ ၅ ခုမှ တာဝန်ယူဆောင်ရွက်နေကာ ဈေးရုံတစ်ရုံလျှင် အလျားပေ ၃၀၊ အနံပေ ၂၀ ရှိတဲ့ အခန်းပေါင်း ၈ ခန်းပါရှိပြီး ဈေးရုံ ၁၂ ရုံတွင် စုစုပေါင်းအခန်း ၉၆ ခန်း ပါရှိမှာဖြစ်ပါတယ်။ ဈေးသူဈေးသားများအတွက် ကုန်စိမ်းပွဲရုံများ တည်ဆောက်ခြင်းအပြင် မုံရွာပြည်ထောင်စုဈေးရင်ပြင်ကို ကွန်ကရစ်ခင်းခြင်း၊ ဈေးပတ်လည်အုတ်တံတိုင်းကာရံခြင်း၊ ဈေးအဝင်နေရာ၌ Box Culvert နှစ်စင်း ဆောက်လုပ်ပြီး သံပန်းတံခါးများတပ်ဆင်ခြင်း၊ ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းခြင်းနှင့် အများသုံး သန့်စင်ခန်းများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဈေးတောင်ဘက်ရှိ လယ်တီကန်ပတ်ဝန်းကျင်ကို အများပြည်သူ အပန်းဖြေအနားယူ နိုင်သည့် နေရာတစ်ခုဖြစ်စေရန် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .