“ကျွန်းလှမြို့နယ်မှာ ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်မျိုးစုံ ဧက ၆၀၀ နီးပါး စိုက်ပျိုးသွားမည်”
23 Octစစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဓာတုကင်းလွတ်၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ ၅၇၇ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရပါတယ်။ စိုက်ပျိုးမယ့် ဆောင်းသီးနှံများမှာ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်း၊ ခရမ်းချဉ်၊ မုံညှင်း၊ ကိုက်လန်၊ ရုံးပတီသီးနှင့် ခဝဲသီး အစရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံ ပါဝင်စိုက်ပျိုးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒေသအတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ချောင်းရေ၊ မြောင်းရေတင်ကာ စိုက်ပျိုးကြကြောင်းနှင့် တောင်သူများအနေနဲ့ စတင်ထွန်ယက်ပျိုးထောင်နေကြပြီပါတယ်။ အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြတဲ့ တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ)နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝ မြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)