ကန်သာယာ နှလုံးနှင့် ကျောက်ကပ်အထူးကုဆေးရုံတွင် ကျောက်ကပ်အစားထိုးကုသမှု ပထမဆုံးအကြိမ်ဆောင်ရွက်

22 Oct

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဖွင့်လှစ်ထားရှိတဲ့ နိုင်ငံတကာအဆင့်မီ နှလုံးနှင့်‌ကျောက်ကပ် အထူးကုဆေးရုံ ကန်သာယာတွင် အောက်တိုဘာလ ၂၂ ရက်(ယနေ့)မှာ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်းမှ ဆရာဝန်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကျောက်ကပ်အစားထိုးကုသမှုကို ပါမောက္ခ ဒေါက်တာ ဦးသန်းအေး၊ ဒေါက်တာ ရဲလင်းထွန်း တို့ဦးဆောင်သော ကျောက်ကပ်ခွဲစိတ်ပါရဂူများအဖွဲ့၊ ပါမောက္ခ ဒေါက်တာ ဦးတင်မောင်အေး၊ ဒေါက်တာ မောင်မောင် တို့ဦးဆောင်သော သွေးကြောခွဲစိတ်ကုသမှုအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ ဦးခင်မောင်မောင်သန်း၊ ဒေါက်တာ အောင်ချမ်းငြိမ်း တို့ဦးဆောင်သော ကျောက်ကပ်ဆေးကုသမှု ပါရဂူများအဖွဲ့တို့ဖြင့် ၃ နာရီကြာ အောင်မြင်စွာဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသော လူနာများအတွက် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများအား ပြန်လည်အားဖြည့်နိုင်ရန် ကျောက်ကပ်အစားထိုးကုသခြင်းဖြင့် ပိုမို ကောင်းမွန်သောလူနေမှုဘဝကို ရရှိမှာဖြစ်ပါတယ်။ ကန်သာယာဆေးရုံကြီးတွင် နှလုံးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာများကို တစ်နေရာ တည်းတွင် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု (One Stop Service) ခံယူနိုင်ပြီလည်း ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာပင် နိုင်ငံတကာအဆင့်အတန်းမီ ကျောက်ကပ်ခွဲစိတ် အစားထိုးကုသမှုများကို ဆောင်ရွက်နိုင်ခြင်း၊ ဘာသာစကားအခက်အခဲမရှိပဲ ကုန်ကျစရိတ် သက်သာစွာ ကုသမှုကို ခံယူနိုင်နေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအတွက် ပိုမိုကောင်းမွန်သော နိုင်ငံတကာအဆင့်အတန်းမီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

22 Oct

ADVERTISE HERE .