ကုန်ဈေးနှုန်းသတင်း ၂၂.၁၀.၂၀၂၄

22 Oct

အောက်တိုဘာလ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပေမယ့် ပြောင်းဆန်‌၊ ဘိုကိတ်ပဲနဲ့ ကြက်သွန်ဖြူဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီနဲ့ အာလူးဈေးတွေ ဈေးငြိမ်နေပြီး စားတော်ပဲဈေးကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၂,၁၄၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၅,၁၆၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၂၇၅ ကျပ်ကနေ ၆,၃၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃,၉၉၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၈၀ ကျပ်ကနေ ၁,၅၀၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာ ကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၅၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၀၂,၉၂၃/-) ငါးဆယ် ခြောက်သိန်း နှစ်ထောင် ကိုးရာ နှစ်ဆယ် သုံးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၄၀၀,၀၀၀ိ/-) ခြောက်ဆယ် လေးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

22 Oct

ADVERTISE HERE .