“ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”

22 Oct

အမေရိကန်နိုင်ငံမှာကျင်းပမယ့် လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်တာမိုင်ယာမီအသင်းက အိမ်ရှင် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က အတည်ပြုသွားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီမှာ မေဂျာလိဂ် Supporters’ Shield ကို ရယူနိုင်ခဲ့တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာ အင်တာမိုင်ယာမီအသင်းဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် မေဂျာလိဂ် Supporters’ Shield ချန်ပီယံဖြစ်လာခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို က အင်တာမိုင်ယာမီ အသင်းရဲ့ ဆုဖလားအောင်ပွဲခံ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကြောင့် လာမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းက အိမ်ရှင်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့တယ်လို့ အင်ဖန်တီနိုက ဆက်လက်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .