“အယ်ဟီလယ်အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တဲ့ နေမာ”
22 Octဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ဘရာဇီးတောင်ပံကစားသမား နေမာ ဟာ အယ်လ်အိန်း အသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အယ်ဟီလယ် အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် လေ့ကျင့်မှုတွေကို ကြိုတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး နေမာလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ နေမာ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ခွဲစိတ်မှုခံယူခဲ့ ရတာဖြစ်ပြီး အခုအချိန်ထိ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်တာကြောင့် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
22 Oct