“အမေရိကန်ဒေါ်လာ ၃၅ သန်း ထုတ်ရောင်းပေးမယ်လို့ ဗဟိုဘဏ်မှကြေညာထား”

22 Oct

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ်လို့ အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ် အနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်ကလည်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ထိုင်းဘတ်သန်း ၂၀၀ နီးပါးကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာလအတွင်းမှာ ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ်ငွေ သုံးသန်းကျော်နဲ့ ထိုင်းဘတ်ငွေ သန်း ၂၆၀ ကျော် ရောင်းချပေးပြီးဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အတွက် အဆင်ပြေနိုင်ပြီး ပြင်ပဈေးကွက် မှာလည်း ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။ (NVS 003)

22 Oct

ADVERTISE HERE .