“မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့်အဖွဲ့အစည်းများ၏ လုံခြုံရေးအဓိကတာဝန်ကို လက်တွေ့ကျကျ တာဝန် ယူသွားမည်”

22 Oct

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က အောက်တိုဘာလ ၁၈ ရက်က မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ယင်းတိုက်ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်းများရဲ့ လုံခြုံရေးအဓိကတာဝန်ကို လက်တွေ့ကျကျ တာဝန်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှလည်း အရေးပေါ်တုံ့ပြန်မှုများကို လျင်မြန်စွာတုံ့ပြန်လုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံဘက်သို့လည်း တိုက်ခိုက်မှုကိစ္စရပ်ကို စုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် လေးနက်စွာတိုက်တွန်းထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးကို ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားပြီး ဖြစ်ကာ မြန်မာနိုင်ငံဘက်မှလည်း အဆိုပါဖြစ်စဥ်ကို အလွန်တုန်လှုပ်မှုဖြစ်ရပြီး လိုအပ်သောအစီအမံများကို လုပ်ဆောင်ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ ဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြု၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ် မှုများ လုပ်ဆောင်ထားရန်လည်း Mr. Lin Jian ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 003)

22 Oct

ADVERTISE HERE .