“မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်အပတ်စဉ် ပျံသန်းပြေးဆွဲမည်”

22 Oct

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန်- ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့နှင့် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့မှာ ပြေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ ၉ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ညောင်ဦးမှ ၉ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ ၁၀ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန် ခရီးစဉ်များကို မန္တလေး မှ မွန်းလွဲ ၃နာရီတွင်ထွက်ခွာပြီး ညောင်ဦးသို့ ညနေ ၃ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ ၃ နာရီ မိနစ် ၅၀ တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ၅ နာရီ မိနစ် ၅၀ တွင် ထွက်ခွာပြီး ရန်ကုန်သို့ညနေ ၆ နာရီခွဲတွင် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ခရီးစဉ်အတွက် သတ်မှတ်ထားသော ဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝ,ဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၂၈ဝ,ဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၂ဝဝ,ဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀,၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ (NVS 003)

22 Oct

ADVERTISE HERE .