“EV Training of Trainers သင်တန်း (၂/၂၀၂၄) ဖွင့်လှစ်ခဲ့”

22 Oct

EV Training of Trainers သင်တန်း (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သင်တန်းဖွင့်ပွဲမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ က ကမ္ဘာ့စွမ်းအင် အကျပ်အတည်းနှင့် ကာဗွန်ကင်းစင်ရေးပန်းတိုင်ဖြစ်ကာ နိုင်ငံတကာမှာ EV သုံးစွဲမှုများ တစ်ရှိန်ထိုးမြင့်တက်လာ သည်ကို တွေ့ရှိရပြီး မိမိတို့နိုင်ငံတွင်လည်း သုံးစွဲမှုမြင့်တက်လာနေကြောင်း၊ EV သုံးစွဲသည့်ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သတ်မှတ်စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲများအပြင် EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်အပေါ်မူတည်၍ လက်တွေ့ ကျသော သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်းပြောကြားပြီး EV Workshop ၌ အဆင့်မြင့်သင်ထောက်ကူ ပစ္စည်းများဖြင့် သင်တန်းသားများ လေ့လာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါတယ်။ အဆိုပါသင်တန်းသို့ ပြင်ပ EV ကုမ္ပဏီများမှ သင်တန်းသား ၁၃ ဦး၊ ဝန်ကြီးဌာနများမှ သင်တန်းသား ၁၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။ (NVS 003)

22 Oct

ADVERTISE HERE .