“ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများကို ရွှေဂူကြီးစေတီကြီးမှာ တစ်စုတဝေးတည်း လေ့လာနိုင်”

22 Oct

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ရွှေဂူကြီးစေတီကြီးမှာ ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတဝေးတည်း လေ့လာနိုင်ကြောင်း သိရပါတယ်။ ရွှေဂူကြီးစေတီကို အနော်ရထာမင်းကြီး တည်ထားခဲ့ပြီး ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာ လက်ရာများ တစ်စုတဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိနေသည့် နေရာတစ်ခုဖြစ်ပါတယ်။ ရွှေဂူကြီးစေတီတော်ကြီးဟာ ကျောက်ဆည်မြို့နှင့် တံတားဦးမြို့ချင်းဆက် ကားလမ်းမကြီးဘေး ကြောင်ပန်း ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ဇောက်ကျေးရွာ အနီးတွင်တည်ရှိကာ ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုး တစ်လျှောက် အနော်ရထာမင်းကြီးတည်ထားပူဇော်ခဲ့သော ဂူကြီး ၉ လုံးအနက် တစ်လုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ တမုတ်ရှင်ပင် ရွှေဂူကြီးဘုရားကြီးကို ပြန်လည်ပြုပြင်မွန်းမံထားမှုကြောင့် ဒုတိယလှိုင်ဂူ ဂန္ဓကုဋိ တိုက်အတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် ဦးခေါင်းတော် ၂ ပေ ၆ လက်မ၊ ဉာဏ်တာ် ၁၀ ပေခန့်ရှိ အလွန်သပ္ပာယ် ကြည်ညိုဖွယ်ကောင်းသော အင်္ဂတေရုပ်ပွားတော်ကြီးနှင့် အနော်ရထားမင်းကြီး တည်ထားပူဇော်ခဲ့သော ရှေးဟောင်း အနုပညာလက်ရာများဖြစ်တဲ့ ပန်းဆွဲဘီလူးများ၊ နံရံအင်္ဂတေပန်းတော့ ရုပ်ကြွများ၊ စေတီတော်လေးဘက်မျက်နှာရှိ မုတ်ဦးတံကဲ ကနုတ်ပန်း ဒီဇိုင်းများ၊ ခြင်္သေ့ကိုယ်နှစ်ခွ မြင်းခေါင်းပုံနှင့် လူခန္ဓာ(အဿမုခိ)ပုံ၊ ဆင်ဦးခေါင်းနှင့် ငှက်ကိုယ်(ဆင်ငှက်)၊ ဗျိုင်းနှစ်ကောင် လည်လိ-မ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါး၊ စသည့်ပုံများနှင့် အထက်ပစ္စယံအဆင့်ဆင့်၏ မှန်ကွက်များတွင် အင်္ဂတေများဖြင့် ဇာတ်တော်နိပါတ်စဉ်များနှင့် ဇာတ်တော်အမည် ရေးထိုးထားသော ငါးရာငါးဆယ် သရုပ်ဖော်ဖောင်းကြွရုပ်ပုံများ၊ မုတ်ဦးအတွင်း ဉာဏ်တော် ၁၀ ပေရှိ ရုပ်ပွားတော် စတဲ့ ထူးဆန်းဖွယ်ရာ ၁၂ ရာစုခေတ် ပန်းတော့လက်ရာ အနုစိတ်အင်္ဂတေဒီဇိုင်းများနှင့် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်မြတ်ကြီးကို ဖူးတွေ့ရမှာဖြစ်ပြီး ရှေးမူလလက်ရာအတိုင်း တစ်နေရာတည်း အပြည့်အစုံဆုံး စုဝေးတည်ရှိ ရာ စေတီကြီးတစ်ဆူ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

22 Oct

ADVERTISE HERE .