“သီတဂူကေတုမတီအာယုဒါနဆေးရုံတော်(တောင်ငူ)တွင် နီပေါနိုင်ငံမှ ဆရာဝန်များအဖွဲ့က ကုသိုလ်ဖြစ်(အခမဲ့) စစ်ဆေးကုသပေးလျက်ရှိ”

22 Oct

သီတဂူကေတုမတီအာယုဒါနဆေးရုံတော်(တောင်ငူ)မှာ (၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော်အဖြစ် နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ဆရာဝန်များအဖွဲ့က မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ်(အခမဲ့) စစ်ဆေးကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်(တောင်ငူ)မှ ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက် အောက်တိုဘာလ ၂၀ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ ကုသိုလ်ဖြစ်(အခမဲ့) စစ်ဆေးကုသပေးသွားမှာဖြစ်ပါတယ်။ ထိုသို့ကုသပေးရာမှာ တစ်ရက်အတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်း အရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမှာဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့်တစ်ပါတည်း ယူဆောင်လာရန် ကြိုတင်အသိပေးထားပါတယ်။ နီပေါနိုင်ငံမှ Dr.Bidya Pant ဦးဆောင်သော ရွှေရတုတိပိဋက စက္ခုပါလမျက်စိဆေးရုံ(ထီးဆောင်း)မှ မျက်စိဆရာဝန်များက အောက်တိုဘာလ ၂၀ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသွားမှာဖြစ်တာကြောင့် မည်သည့်မျက်စိဝေဒနာရှင်မဆို လာရောက်ကုသနိုင်ပြီး စက္ခုဒါနပဒေသာပင် အလှူတော်ကိုလည်း ပဒေသာပင်တစ်ပင်အတွက် သုံးသောင်းကျပ်ဖြင့် တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့ဖြင့်ဖြစ်စေ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ (NVS 003 )

22 Oct

ADVERTISE HERE .