ကုန်ဈေးနှုန်းသတင်း ၂၁.၁၀.၂၀၂၄

21 Oct

အောက်တိုဘာလ ၂၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် မြင့်တက်လာပြီး ကုလားပဲနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်နီ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်ဖြူနဲ့ မန်ကျည်းသီးဈေးတွေက တော့ အနည်းငယ် တက်လာပါတယ်။ အာလူးဈေးကတော့ အနည်းငယ် ကျဆင်းနေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၀,၅၃၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၃,၅၅၃ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၂၄၀ ကျပ်ကနေ ၆,၂၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၂,၅၈၉ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၀၈၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၉၁၅ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၆,၂၈၀ ကျပ်ကနေ ၆,၃၂၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၆,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၅၀၀ ကျပ်၊ ငါးနှပ်ချို တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၄၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၇၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၅၄၁,၅၁၀/-) ငါးဆယ် ငါးသိန်း လေးသောင်း တစ်ထောင် ငါးရာ တစ်ဆယ် ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၂၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

21 Oct

ADVERTISE HERE .