ဗိဿနိုးဘုရင်မရဲ့ စစ်မာန်ဝင့်ချီဝတ်စုံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ‌သဲစုညိမ်း

21 Oct

ထိုင်းနိုင်ငံ၌ကျင်းပခဲ့တဲ့ Miss Grand International 2024 National Costume တွင် အောက်တိုဘာလ ၂၀ ရက် ညပိုင်းမှာ မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်း က ဗိသာနိုးဘုရင်မရဲ့ “စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ”ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မြင်းရထားလှည်းကိုပါ စင်မြင့်ထက်မှာ ပြသခွင့်မရခဲ့ပေမယ့် ပရိသတ်တွေရဲ့ စုပေါင်းအားပေးမှု များစွာကိုရရှိခဲ့တယ်လို့ သိရပါတယ်။ Miss Grand International ရဲ့ National Costume ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်း က မူလပထမစီစဉ်ထားတဲ့ ဗိဿနိုးဘုရင်မရဲ့ စစ်ထွက်တဲ့ပုံစံကို မြင်းရထားနဲ့အတူ တင်ဆက်ပြသဖို့ စီစဉ်ထားပေမယ့် ရထားလုံးကို တင်ခွင့်မရဘဲ အရှေ့ပိုင်းဖြစ်တဲ့ မြင်းကိုသာ တင်ခွင့်ရခဲ့တာြဖစ်ပါတယ်။ အလှမယ် သဲစုညိမ်း က ပြိုင်ပွဲစင်မြင့်ထက်မှာ ချပြချင်တဲ့ National Costume ကို အပြည့်အဝ တင်ပြဆက်သခွင့် မရပေမယ့်လည်း ဟန်ပန်အမူအယာနဲ့ ခံစားချက်ကိုတော့ ဗိဿနိုးဘုရင်မရဲ့ စစ်မာန်ပုံစံ အပြည့်နဲ့ မျှားကိုကိုင်ပြီး မျက်လုံးမှာပုံဖော်နိုင်ခဲ့မှုတွေက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ “စစ်မာန်ဝင့်ချီ ဗိဿနိုးဧကရီ” အမည်နဲ့ National Costume ကို TK Team အဖွဲ့က ပုံဖော်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာတို့ရဲ့ ခမ်းနားတဲ့ရှေးဂုဏ်ရည်တစ်ခုဖြစ်တဲ့ ဗိဿနိုးခေတ်အလှထွဋ်ခေါင် စစ်ဘုရင်မလဲဖြစ်တဲ့ ပန်ထွာ ဘုရင်မရဲ့ ပုံစံကို အကောင်းဆုံးသရုပ်ဖော် တင်ဆက်ပြသပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။(NVS 003)

21 Oct

ADVERTISE HERE .