“ကန့်ဘလူမြို့နယ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံမျိုးစုံ ဧက ၂ သိန်းကျော် စိုက်ပျိုးရန် လျာထား”

21 Oct

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ရာသီ၌ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ မုန်ညှင်း၊ နေကြာနှင့် ပန်းနှမ်းစသည့် သီးနှံမျိုးစုံ ၂၀၁,၁၄၉ ဧက လျာထား စိုက်ပျိုးသွားမှာဖြစ်တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆီထွက်သီးနှံမျိုးစုံ အထွက်ကောင်း မျိုးကောင်း၊ မျိုးသန့်များ သုံးစွဲရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ ဒေသထွက် မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေး၊ နောက်ဆုံးပေါ်နည်းပညာများ ရယူသုံးစွဲနိုင်ရေးနှင့် ဈေးကွက်ဝင် ဆီထွက် သီးနှံများကို စိုက်ပျိုးကြရန် စည်းရုံးဆောင်ရွက်ခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံများ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၉၅,၂၆၈ ဧက၊ နှမ်း ၉၆,၇၁၆ ဧက၊ မုန်ညှင်း ၅၆၃ ဧက၊ နေကြာ ၃,၀၄၄ ဧကနှင့် ပန်းနှမ်း ၅,၅၅၈ ဧက စုစုပေါင်း ၂၀၁,၁၄၉ ဧက စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS-008)

21 Oct

ADVERTISE HERE .