“PSG အသင်းနည်းပြ အန်းနရစ် ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့”
21 OctPSG အသင်းက စပိန်နည်းပြ လူးဝစ် အန်းနရစ် ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းဟာ အသက် ၅၄ နှစ်အရွယ် နည်းပြ အန်းနရစ် ကို ၂၀၂၃ နွေရာသီတွင် ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်နွေရာသီ၌ သက်တမ်းကုန်ဆုံးမှာဖြစ်တာ ကြောင့် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အန်းနရစ် ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က တစ်ရာသီအတွင်း ဖလား ၃ လုံးအောင်ပွဲ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး PSG အသင်းတွင်လည်း ပထမဆုံးရာသီ၌ပင် ပြည်တွင်းဖလား ၃ လုံး ရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်၌ PSG အသင်းအနေဖြင့် နာမည်ကျော်ထိပ်တန်းကစားသမားများကို ဆုံးရှုံးထားပေမယ့် နည်းပြ အန်းနရစ် က အကောင်းဆုံးထိန်းကျောင်းပေးထားနိုင်တာကြောင့် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်းနရစ် ဟာ PSG အသင်းတွင် နိုင်ပွဲရာခိုင်နှုန်း ၆၄ ဒသမ ၅၂ ရာခိုင်နှုန်းရရှိအောင် စွမ်းဆောင် ပေးထားနိုင်ကြောင်းသိရပါတယ်။ (NVS-008)