“ဘာကာ ကွင်းလယ်ကစားသမား ဒီ‌ဂျောင် ကို ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ရန် မန်ယူကြိုးပမ်း”

21 Oct

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းမှ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် ကို ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက အသင်း၌ လစာအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော ဒီဂျောင် ကို ရောင်းထုတ်ရန် ဆန္ဒရှိ နေကြောင်း သိရပါတယ်။ မန်ယူအသင်းကလည်း ဒီဂျောင် ကို ခေါ်ယူရန်ဆန္ဒရှိနေသည့်အတွက် အပြောင်းအရွှေ့မှာ ဖြစ်မြောက်ရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ မန်ယူနည်းပြ တန်ဟက်ဂ် ကလည်း ဒီဂျောင် ကို ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူ များထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။ မန်ယူအသင်းက ဒီဂျောင် ကိုခေါ်ယူရန် ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီ ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွေ့ကာလတွင် မန်ယူအသင်းဟာ ဖရန်ကီဒီဂျောင် ကိုခေါ်ယူရန် ဘာစီလိုနာအသင်းနှင့် သဘောတူညီမှုရရှိခဲ့သော်လည်း ကစားသမားက ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS-008)

21 Oct

ADVERTISE HERE .