“လာပေါ့တ် ကို ခေါ်ယူနိုင်ရန် ရီးရဲလ်မက်ဒရစ်အသင်း ကြိုးပမ်း”
21 Oct
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက အယ်လ်နာဆာအသင်း နောက်ခံကစားသမား လာပေါ့တ် ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၃ဝ နှစ်အရွယ်ရှိ လာပေါ့တ် ဟာ အယ်လ်နာဆာ အသင်းနဲ့အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂ဝ၂၄-၂ဝ၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၅ ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စား လာခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ခံကစားသမား လာပေါ့တ် ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရခြင်းကြောင့် စပိန်လာလီဂါသို့ သွားရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အသင်းက လာမယ့်ဆောင်းရာသီဈေးကွက်အတွင်းမှာ အယ်နာဆာအသင်းထံကနေ လာပေါ့တ် ကို ခေါ်ယူနိုင်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (NVS-008)
21 Oct