“အန်ကူကူ ချဲလ်ဆီးအသင်းမှ ထွက်ခွာဖွယ်ရှိ”
21 Octချဲလ်ဆီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား အန်ကူကူ က လက်ရှိအချိန်မှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေခြင်းကြောင့် ထွက်ခွာသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ကို လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်း အပါ အဝင် ဥရောပကလပ် အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ် ကစား သမား အန်ကူကူ က ချဲလ်ဆီးအသင်းသို့ ၂၀၂၃-၂၄ ဘောလုံးရာသီတွင်ရောက်ရှိခဲ့ကာ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၂၅ ပွဲသာ ပါဝင်ကစားခွင့်ရပြီး ပွဲထွက်ခွင့် နည်းပါးနေခြင်းကြောင့် အသင်းမှ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား အန်ကူကူ အနေနဲ့ ချဲလ်ဆီးအသင်းမှထွက်ခွာပြီး ဘယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိသွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (NVS-008)
21 Oct