“ဘီလူးချောင်း အမှတ်(၂)ဓာတ်အားပေးစက်ရုံအတွင်းရှိ ရွှံ့နွံများကို ဖယ်ရှားရှင်းလင်း”

21 Oct

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကယားပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ရေပြန်ကျ သွားချိန်တွင် ဘီလူးချောင်းအမှတ်(၂) ဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ သဲနှုန်းများ၊ ရွှံ့နွံများ တင်ကျန်ခဲ့ကြောင်း သိရပါတယ်။ ဓာတ်အားပေးစက်များနှင့် ဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများကို ပြန်လည်စစ်ဆေး ပြုပြင်နိုင်ရန်အတွက် သဲနှုန်းများ၊ ရွှံ့နွံများအား ဖယ်ရှားရှင်းလင်းမှုများကိုပြုလုပ်လျက်ရှိပါတယ်။ ဖယ်ရှားရှင်းလင်းခြင်းအား ကယားပြည်နယ်ရှိ လျှပ်စစ်ဝန်ထမ်းများနှင့်အတူ စိန်တစ်လုံးဆရာတော်နှင့်အဖွဲ့များ၊ အနီးပတ်ဝန်းကျင်မှ ရွာသူ/ရွာသားများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS-008)

21 Oct

ADVERTISE HERE .