“နေပြည်တော် သုခတော်ဝင်အိမ်ရာ၊အပိုင်း(၂) တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူ”

21 Oct

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သုခတော်ဝင်အိမ်ရာ၊ အပိုင်း(၂) တည်ဆောက်ခြင်းလုပ်ငန်း အတွက် အောက်တိုဘာလ ၂၁ ရက်မှစတင်ကာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်ထားတယ်လို့ ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သိရပါတယ်။ အဆိုပါ အိမ်ရာအပိုင်း(၂)ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ဆွာလမ်းဆုံနှင့် မြို့မဈေးကြား၊ ယခင် ဘူးကွဲရွာဟောင်းရှိ မြေအကျယ် ၃၁ ဧကအပေါ်၌ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်း၌ အကျယ် ၁,၀၉၂ စတုရန်းပေရှိသော အိပ်ခန်း ၃ ခန်းအပါ ငါးထပ် အဆောက်အအုံ ၁၂ လုံးတည်ဆောက်သွားမှာဖြစ်ပြီး အိမ်ခန်းပေါင်း ၂၄၀ ပါဝင်မှာဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါပုံစံလျှောက်လွှာများကို အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၁ ရက်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံသို့ လျှောက်ထားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ သုခတော်ဝင်အိမ်ရာစီမံကိန်း၊ အပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းအတွက် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရီမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနားတောင်ညိုလမ်းဘေး(မြို့မစျေးအနီး)တွင် တည်ဆောက် ပြီးစီးခဲ့တဲ့ သုခတော်ဝင်အိမ်ရာ အပိုင်း(၁)ရှိ တိုက်ခန်း ၁၂၈ ခန်းကိုလည်း မေလအတွင်းက မဲစနစ်ဖြင့် စျေးနှုန်း အသီးသီး သတ်မှတ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ (NVS-008)

21 Oct

ADVERTISE HERE .