ကာဆက်ကီနာ နင်ဘို အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့
20 Octတရုတ်နိုင်ငံမှ ကျင်းပနေတဲ့ နင်ဘို အိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ရုရှား တင်းနစ်မယ် ဒါရီယာ ကာဆက်ကီနာ က ကာဇက်စတန်တင်းနစ်မယ် ယူလီယာ ပူတင်ဆီဗာကို အနိုင်ယူပြီး ဆီမီး ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပွဲစဉ်မှာ ကာဆက်ကီနာ က ပူတင်ဆီဗာကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၄၊ ၁-၆၊ ၈-၆ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲရရှိကာ နောက်တစ်ဆင့် ထိုက်တန်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကာဆက်ကီနာ ဟာ ဆီမီးဖိုင်နယ်အဆင့်တွင် စပိန်တင်းနစ်မယ် ပေါ်လာ ဘာဒိုဆာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘာဒိုဆာဟာ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ဘရာဇီးတင်းနစ်မယ် မာရီယာကို ၆-၃၊ ၆-၂ နဲ့အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်သို့ ကာဆက်ကီနာနဲ့အတူ ရုရှားတင်းနစ်မယ် အန်ဒရီဗာ၊ ချက်စ်တင်းနစ်မယ် မူချိုဗာတို့လည်း တက်ရောက်နိုင်ခဲ့ ကြောင်း သိရပါတယ်။(NVS-008)