နိုင်ပွဲ ပြန်လည်ရရှိလာတဲ့ မန်ယူအသင်း
20 Octပရီးမီးယားလိဂ် ပွဲစဉ် (၈) ရဲ့ ပွဲစဉ် တစ်ခုဖြစ်တဲ့ မန်ယူနဲ့ ဘရက်ဖို့ဒ် ပွဲစဉ်မှာ မန်ယူအသင်းက ဘရက်ဖို့ဒ် ကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အပြန်အလှန် တိုက်စစ်ဆင် ကစားမှုနဲ့အတူ အကြိတ်အနယ် ရှိခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီး ၄၅ မိနစ်တွင် ဧည့်သည် ဘရက်ဖို့ဒ်အသင်းမှ ပင်နော့ခ် က ဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းပွဲပြီးချိန်တွင် မန်ယူအသင်းဟာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲစပြီး ၄၇ မိနစ်မှာ မန်ယူအသင်းမှ ဂါနာချိုက အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါ တယ်။ ဆက်လက်ပြီး အပြန်အလှန် တိုက်စစ်ဆင်ကစားကာ ပွဲချိန် ၆၂ မိနစ် မန်ယူမှ ဟော့လန်းက အနိုင် သေချာ စေမယ့် ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် မန်ယူအသင်းဟာ ပွဲပြီးဆုံးချိန်မှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ ကို ပြန်လည်ရှာတွေ့သွားနိုင်ခဲ့ပြီး အမှတ်ပေးဇယား၏ အဆင့် ၁၁ နေရာကို တက်လှမ်း နိုင်ခဲ့ပါတယ်။(NVS-008)