အပြန်အလှန် အနီကတ်များရရှိခဲ့ ဖူဟမ်နဲ့ အက်စတွန်ဗီလာ ပွဲစဉ်
20 Octပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ပွဲစဉ် (၈)ရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ ဖူဟမ်အသင်း နဲ့ ဗီလာ အသင်းတို့ ပွဲစဉ် အသင်းနှစ်သင်းလုံး အနီကတ်ကိုယ်စီရရှိလောက်အောင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အိမ်ရှင် ဖူဟမ် အသင်းဟာ ပွဲစကစားချိန်မှ စတင်၍ တိုက်စစ်ဆင်ကစားခဲ့ရာ ပထမပိုင်း ပွဲစချိန် ၅ မိနစ်မှာ ဂျီမီနပ်စ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ပွဲချိန် ၉ မိနစ်မှာ ဧည့်သည်အသင်း ဗီလာမှ ရိုဂါက တစ်ဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစချိန်မှာ အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ပွဲချိန် ၅၉ မိနစ်မှာ ဗီလာအသင်းမှ ဝက်ဒ်ကင်က တစ်ဂိုးသွင်းယူခဲ့တာကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ဖူဟမ် အသင်းမှ အန်ဒါဆန်က တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ဖူဟမ်အသင်းမှ အီဆပ် ဒီအော့ဖ် က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပါတယ်။ အပြန်အလှန်တိုက်စစ်ဆင်ကစားကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ ဗီလာ အသင်းမှ ဖိလစ်ဂျန် ဘိုင်ဒေ့စ်က ပွဲချိန် မိနစ် ၉၀ မှာ ၂ ဝါ တစ်နီဖြင့် ထပ်မံထုတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဖူဟမ်နဲ့ ဗီလာ ပွဲစဉ်မှာ အပြန်အလှန်အနီကတ်များရရှိခဲ့ပြီး ဗီလာအသင်းက အိမ်ရှင် ဖူဟမ် ကို သုံးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ပါတယ်။(NVS-008)