ဗဟိုဘဏ်က အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချပေးခဲ့

20 Oct

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အောက်တိုဘာလ ၁၅ ရက်က ဒေါ်လာ ၆ သန်းကျော်နှင့် ဘတ် သန်း၂၀၀ နီးပါး ထပ်မံ ရောင်းချခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိ အချိန်အထိ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်၊ ဘတ်သန်း ၂၆၀ ကျော် ရောင်းချထားကြောင်း သိရပါတယ်။ ဗဟိုဘဏ်က အောက်တိုဘာလအတွင်း ဒေါ်လာ၊ ယွမ်၊ဘတ် ရောင်းချမှုအနေဖြင့် အောက်တိုဘာလ ၂ ရက်မှာ ယွမ် ၁ ဒသမ ၂ သန်း ကျော် နှင့် ဘတ် ၁၀ သန်းကျော်၊ အောက်တိုဘာလ ၃ ရက်မှာ ဒေါ်လာ ရှစ်သိန်းနီးပါး၊ ယွမ် ၁ ဒသမ ၂ သန်း ကျော်နှင့် ဘတ်တစ်သန်းကျော် ၊ အောက်တိုဘာလ ၄ ရက်မှာ ဒေါ်လာ ၁၃ ဒသမ ၁၂၂ သန်းကျော်၊ ယွမ် ၂ ဒသမ ၈ သိန်း ကျော်၊ အောက်တိုဘာလ ၇ ရက်မှာ ဘတ် ၁၀ သန်းကျော်၊ အောက်တိုဘာလ ၉ ရက်မှာ ယွမ် ၆ ဒသမ ၆ သိန်း ကျော်၊ အောက်တိုဘာလ ၁၀ ရက်မှာ ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ ဘတ် ၃၈ သန်းကျော်၊ အောက်တိုဘာလ ၁၅ ရက် တွင် ဒေါ်လာ ၆သန်းကျော်၊ ဘတ် သန်း၂၀၀ နီးပါး ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ၂၆ ဒသမ ၃ သန်းကျော် ၊ ယွမ် ၃ ဒသမ ၄ သန်း ကျော် ၊ဘတ် သန်း ၆၀ ကျော် ထုတ်ရောင်းပေးခဲ့ကြောင်းသိရပါတယ်။(NVS-008)

20 Oct

ADVERTISE HERE .