လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

20 Oct

မိုးလေဝသဦးစီးဌာန၏ အောက်တိုဘာလ ၂၀ ရက် မြန်မာစံတော်ချိန် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်ဟာ ဆက်လက်တည်ရှိကာ အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် အောက်တိုဘာလ ၂၁ ရက်မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာလာ ၂၃ ရက်မှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ လည်း ကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါတယ်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏အရှိန်ကြောင့် အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မိုးသက် လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေ မှ ၁၀ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS-008)

20 Oct

ADVERTISE HERE .