တရုတ်ဒုံးတပ်ဖွဲ့အနေဖြင့် ဟန့်တားနိုင်စွမ်းနှင့် တိုက်ပွဲဝင်နိုင်စွမ်း တိုးမြှင့်ရန် တရုတ်သမ္မတ ညွှန်ကြား

20 Oct

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံ၏ဒုံးတပ်ဖွဲ့အနေဖြင့် ဟန့်တားနိုင်စွမ်းနှင့်တိုက်ပွဲဝင်နိုင်စွမ်းတို့ကို ယခု ထက်ပို၍ တိုးမြှင့်ရန်ညွှန်ကြားထားကြောင်း တရုတ်ပြည်တွင်း သတင်းဌာနများက အောက်တိုဘာလ ၁၉ ရက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဒုံးတပ်ဖွဲ့မှ စစ်သည်များအနေဖြင့် ပါတီနှင့်ပြည်သူများက ယုံကြည်ကိုးစားရသူများ ဖြစ် လာစေရန် လုပ်ငန်းများကျွမ်းကျင်မှုရှိအောင် ဖြည့်ဆည်းထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်ဟု သတင်းဌာနများက ဖော်ပြထားသည်။ ရှီကျင့်ဖျင်က အောက်တိုဘာလ ၁၇ ရက်တွင် ဒုံးတပ်ဖွဲ့၏တပ်မတစ်ခုသို့ သွား၍ စစ်ဆေးပြီးနောက် ယခုလိုညွှန်ကြားခြင်း ဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးတပ်ဖွဲ့သည် သမားရိုးကျနှင့်နျူကလီးယားဒုံးကျည်များ အသုံးပြုရသောတပ်ဖွဲ့ဖြစ်ပြီး နျူကလီးယားတပ်ဖွဲ့ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် အမြဲတမ်း ဆောင်ရွက်နေရသည့် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။ တရုတ်နိုင်ငံက စက်တင်ဘာလတွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော တိုက်ချင်းပစ်အမြင့်ပျံ ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပစ်လွှတ်ထားသည်။ ထို့နောက် နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

20 Oct

ADVERTISE HERE .