ယူကရိန်းငြိမ်းချမ်းရေး ထာဝရတည်တံ့ရမည်ဟု ပူတင်ပြော

20 Oct

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးကို အလိုရှိကြောင်း၊ သို့သော် ထိုငြိမ်းချမ်းရေးသည် ထာဝရတည်တံ့ရမည်ဖြစ်ကြောင်းနှင့် ခဏတဖြုတ် စစ်ပြေငြိမ်းရေးကို အလိုမရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာလ ၁၈ ရက်တွင် ပြောသည်။ ရုရှားအစိုးရ၏ရည်မှန်းချက်သည် နိုင်ငံ၏ရေရှည်လုံခြုံရေး အကျိုးစီးပွား ခိုင်မာသေချာစေရန် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျာ အကြောင်းပြောရာတွင် သီတင်းပတ် တစ်ပတ်၊ နှစ်ပတ် သို့မဟုတ် တစ်နှစ်မျှသာ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးမျိုး မဖြစ်သင့်ကြောင်း၊ ထိုကာလ တွင် NATO တပ်ဖွဲ့အနေဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပိုမိုတပ်ဆင်ပေးကာ ခဲယမ်းများစုပုံလာနိုင် ကြောင်း ပူတင်က BRICS အဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်သတင်းဌာနများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ထို့ပြင် ရုရှား-ယူကရိန်းပဋိပက္ခသည် နိုင်ငံတကာရေးရာတွင် လက်မခံနိုင်စရာကောင်းသည့် ကိစ္စဖြစ်သည် ကို ရုရှားအစိုးရက နားလည်ကြောင်း၊ ထို့ကြောင့်ပင် ရုရှားနိုင်ငံက ထိုပဋိပက္ခကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမြန်ဆုံးအဆုံးသတ်သွားစေရန် အခြားသူများထက် အလိုရှိနေခြင်းဖြစ်ကြောင်း ပူတင်က အလေးပေး ပြောထား သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

20 Oct

ADVERTISE HERE .