နည်းပြမာရက်စကာအတွက် စိန်ခေါ်မှုအစစ်အမှန်နဲ့ ရင်ဆိုင်ရမည်
19 Octချဲလ်ဆီးအသင်း အခုတစ်ပတ်ကစပြီး ပွဲကျပ်ကာလကို ရင်ဆိုင်ရမှာဖြစ်ပြီး ကောင်းမွန်စွာ ကျော်ဖြတ်နိုင် မှသာ နည်းပြမာရက်စကာအနေနဲ့ စစ်မှန်တဲ့ အရည်အသွေးကို ပြသနိုင်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက နိုဝင်ဘာလပြိုင်ပွဲနားချိန်အထိ ပွဲကျပ်များနဲ့ အဆက်မပြတ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်အပြင် လိဂ်ဖလားနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေလည်း ရှိနေတာကြောင့် တခြားပရီးမီးယားလိဂ်ထိပ်သီးတွေလိုပဲ ၃ ရက် တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်ဘောလုံးလောကမှာ ယခုကဲ့သို့နှုန်းထားနဲ့ ယှဉ်ပြိုင်ကစားရတာ မထူးဆန်းတော့ဘူးလို့ ဆိုနိုင် ပေမဲ့ အဲဒီလို ပွဲဆက်များနေချိန်မှာ ရင်ဆိုင်ရမယ့်အသင်းတွေက ပြိုင်ဘက်ကောင်းတွေ ဖြစ်နေခဲ့ပါက နည်းပြ တွေအနေနဲ့ အကျပ်အတည်းကြုံရတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ မှ နိုဝင်ဘာလ ၁၀ ရက်အတွင်းမှာ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၇ ပွဲရှိပြီး ပြိုင်ဘက်တွေက လီဗာပူးလ်၊ ပင်နယ်သီယာကော့စ်၊ နယူး ကာဆယ်၊ မန်ယူ၊ နိုအာနဲ့ အာဆင်နယ်အသင်းတို့ ဖြစ်ပါတယ်။ နယူးကာဆယ်ကို ပရီးမီးယားလိဂ်မှာရော လိဂ်ဖလား မှာပါ နှစ်ပွဲဆက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။(NVS-008)