ဆာလတ်နှင့် အိုဆင်မန်တို့အား ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာ အီမန် နယ်လို ပြောကြား
19 Octဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ အားကစားဒါရိုက်တာဖြစ်သူ မိုက်ကယ်အီမန်နယ်လိုက လီဗာပူးလ်တိုက်စစ် ကစားသမား ဆာလတ်နှင့် ဂါလာတာစာရေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့အား ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီ ပရိုလိဂ်တာဝန်ရှိသူများက နာမည်ကျော် ကစားသမားများကို ခေါ်ယူခဲ့ကာ ၎င်းတို့၏ လိဂ်ပြိုင်ပွဲကို ကမ္ဘာ့ထိပ်တန်းလိဂ် ဖြစ်လာရန် ရည်မှန်း ထားတာ ဖြစ်ပါတယ်။ လက်ရှိတွင် ဆော်ဒီပရိုလိဂ်မှာလည်း အောင်မြင်မှုများ ရရှိနေပြီး ပြိုင်ပွဲတာဝန်ရှိသူများဟာ ဥရောပမှထိပ်တန်းကစားသမားများကို ထပ်မံခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းများဟာ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အီဂျစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလတ်နှင့် နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်တို့အား ခေါ်ယူရန် ကြိုးပမ်း ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဆာလတ်ဟာ လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သလို အိုဆင်မန် ကလည်း ဥရောပတွင် ဆက်လက်ကစားလိုတာကြောင့်အတွက် ဂါလာတာစာရေးအသင်းထံသို့ တစ်ရာသီ အငှား ဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဆာလာနှင့် အိုဆင်မန်တို့အနေဖြင့် ဥရောပတွင် ဆက်ကစား နေကြသော်လည်း ဆော်ဒီပရိုလိဂ်အားကစားဒါရိုက်တာ အီမန်နယ်လိုက ၎င်းတို့အား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆာလတ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်နှင့် စာချုပ် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သုံးသပ်ရပေမယ့် အိုဆင်မန်ကတော့ ဥရောပ ထိပ်တန်း လိဂ်တွင် ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။(NVS-008)