မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် လူငယ်ကွင်းလယ်လူ မိန်နူး ထပ်တိုးလာခဲ့

19 Oct

မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် လူငယ်ကွင်းလယ်လူ ကိုဘီမိန်နူး ထပ်တိုးလာပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမား အသက် ၁၉ နှစ် အရွယ် မိန်နူးဟာ နိုင်ငံတကာ ရက်သတ္တပတ်မတိုင်မီ ဗီလာအသင်းနှင့်ပွဲ၌ ဒဏ်ရာရရှိခဲ့သဖြင့် ဒုတိယပိုင်း ၈၅ မိနစ်တွင် လူစားလဲခဲ့ရပါတယ်။ ၎င်းအနေဖြင့် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာ ဖြစ်တယ်လို့ ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိပြီး အင်္ဂလန်အသင်း၏ UEFA Nations League ပွဲစဉ်နှစ်ပွဲကိုပါ လွဲချော်ခဲ့ရပါတယ်။ ဗီလာအသင်းနှင့်ပွဲတွင် မိန်နူးနှင့်အတူ ဒဏ်ရာရရှိခဲ့သဖြင့် ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည့် နောက်ခံလူ မက်ဂွိုင်းရားဟာလည်း အလားတူ ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း သိရပါ တယ်။ မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်းတွင် ၁၀ ဦးအထိဒဏ်ရာရရှိထားခြင်းဖြစ်ပါတယ်။ မန်ယူ အသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတာကြောင့် နည်းပြ တန်ဟက်ဂ်၏ အနာဂတ်မှာ မရေမရာ ဖြစ်နေပါတယ်။(NVS-008)

19 Oct

ADVERTISE HERE .