တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၇ ရက်တိုင်တိုင် ကျင်းပမည်

19 Oct

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင်လည်း ၇ ရက် တိုင်တိုင် ကျင်းပသွားမည်ဟု သိရပါတယ်။ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရမှာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် သုံးနှစ် ကြာ ရပ်နားခဲ့ရပြီး ယမန်နှစ် ၂၀၂၃ ခုနှစ် မှစ၍ ပြန်လည်ကျင်းပခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲတော်ကို ၂၀၂၄ ခုနှစ်တွင်လည်း နို၀င်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ ၇ ရက်တိုင်တိုင် အဝေရာ မီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှတာ၀န်ရှိသူတစ်ဦးက ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ခြင်းနှင့် ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်တွေ ရောင်းချနိုင်ဖို ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ရှမ်းပြည်နယ်ဒေသခံများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားလေ့ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများပါ စိတ်ဝင်စားတဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်ပါတယ်။(NVS-008)

19 Oct

ADVERTISE HERE .