အခြေခံရည်ညွှန်းဈေးနှုန်း စပါးတင်း ၁၀၀ ကို ကိုးသိန်းခွဲ သတ်မှတ်

19 Oct

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အရည် အသွေး ဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းကို ၉၅၀,၀၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း အောက်တိုဘာလ ၁၉ ရက်တွင် အသိပေး ထုတ်ပြန်ထားပါတယ်။ အဆိုပါ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းမှာ အစိုဓာတ် ၁၄% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်သည့် စပါးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဈေးကွက်ပေါက်ဈေးမှာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်စေ အောက်ဈေးတွင်ဖြစ်စေ ရှိနေ သော်လည်း အခြေခံဈေးနှုန်းအတိုင်းသာ ဝယ်‌ယူရန် အသိပေးထားပါတယ်။ ယခုသတ်မှတ်သော အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းဟာ ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လည်း အသိပေးထားပါတယ်။ အဆိုပါ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရပါတယ်။(NVS-008)

19 Oct

ADVERTISE HERE .