ဘဏ္ဍာနှစ် ၆ လအတွင်း ပြည်ပကို ငါးတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော် ရရှိခဲ့

19 Oct

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း ပြည်ပကို ရေထွက်ကုန် ငါးမက်ထရစ်တန် ၁ သိန်း ၆ သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်ဖိုး ရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၆ လတာကာလအတွင်း ပြည်ပကို ငါးတင်ပို့မှု မက်ထရစ်တန် တစ်သိန်း ခြောက်သောင်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၃၀၂ သန်း ရရှိခဲ့တယ် လို့ သိရပါတယ်။ ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ရှစ်သောင်းနှစ်ထောင်ကျော်တင်ပို့ခဲ့ကာ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကျော်ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ခုနစ်သောင်းရှစ်ထောင်ကျော် တင်ပို့ခဲ့ ပြီး အမေရိကန်ဒေါ်လာ ၆၅ သန်းကျော် ရရှိခဲ့တာ ဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်၊ ငါးအပါအဝင်ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေခဲ့ပြီး တင်ပို့သည့်စနစ်များမှာ ရန်ကုန်ကတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်မှု ကလည်း တိုက်ရိုက် တင်ပို့နေကြောင်း သိရပါတယ်။(NVS-008)

19 Oct

ADVERTISE HERE .