ဟားမတ်စ်ခေါင်းဆောင်ချေမှုန်းခံရမှုကြောင့် ဓားစာခံမျာကို ပြန်မလွှတ်တော့ဟု ဆို

19 Oct

အစ္စရေးတို့၏ တိုက်ခိုက်မှုတစ်ခုအတွင်း ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်းဝါ ချေမှုန်းခံရမှုကြောင့် ထိုအဖွဲ့က ဖမ်းဆီးထားသော အစ္စရေးဓားစာခံများကို ဂါဇာစစ်ပွဲပြီးဆုံးသည်အထိ ပြန်မလွှတ်တော့ကြောင်း အောက်တိုဘာလ ၁၈ ရက် တွင် ကတိပြုသည်။ ကာတာနိုင်ငံအခြေစိုက် ဟားမတ်စ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဂါဇာကမ်းမြောက်ဒေသရှိ ၎င်းတို့၏ ပြည်သူများအပေါ် တိုက်ခိုက်မှုများ မရပ်တန့်ဘဲ ထိုနယ်မြေမှ အစ္စရေး တပ်ဖွဲ့ များ လုံးဝဆုတ်ခွာသွားခြင်းမရှိသည့် ကာလအတွင်း၊ အစ္စရေးနိုင်ငံ၏အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထားသည့် ဟားမတ်စ်၏ သူရဲကောင်းများ မလွှတ်လာသမျှ ကာလ အတွင်း အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးမည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။ သေဆုံးသွားသည့် ဟားမတ်စ် ခေါင်းဆောင်သည် ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးအပေါ် တိုက်ခိုက်မှု၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။

19 Oct

ADVERTISE HERE .