ရုရှားက နျူကလီးယား ဒုံးကျည်တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ရှိမှုကို စစ်ဆေး
19 Octရုရှားတာဝန်ရှိသူများက မော်စကိုမြို့ အနောက်မြောက်ပိုင်းဒေသတစ်ခုရှိ Yars တိုက်ချင်းပစ် အမြင့်ပျံ ဒုံးကျည်းများ တပ်ဆင်ထားသော ဒုံးကျည်တပ်ဖွဲ့တစ်ခု၏ တိုက်ပွဲဝင်အသင့်ရှိမှုကို စစ်ဆေးမှုလုပ်ဆောင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ၏ ပြောရေးချက်ကို ကိုးကား၍ သတင်းဌာနများက အောက်တိုဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။ အဆိုပါ Yars အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်ကို ဒုံးကျည်ပစ်လွှတ်ပေါက်များမှ သော်လည်းကောင်း၊ ရွေ့လျားဒုံးပစ်လောင်ချာများမှသော်လည်းကောင်း ပစ်လွှတ်နိုင်ကာ ၎င်းအနေဖြင့် ရောက်ရှိ နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၁,၀၀၀ အထိ ဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏ ကြားဝင် စွက်ဖွက်မှုကြောင့် ယူကရိန်းနှင့်ပဋိပက္ခဖြစ်ပွားမှုက ပိုမိုတင်းမာလာနေစဉ် နျူကလီးယားလက်နက်များ၏ တိုက်ပွဲဝင် အသင့်ရှိမှုအခြေအနေကို တာဝန်ရှိသူများက လိုက်လံစစ်ဆေးခြင်း ဖြစ်သည်။ ထို့ပြင် NATO တပ်ဖွဲ့က နျူကလီးယားစစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ပြီးသည့်နောက် ရုရှားက နျူကလီးယားဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။ နောက်ဆုံးလုပ်ဆောင်သည့် လေ့ကျင့်မှုတွင် ဒုံးကျည် တပ်ဖွဲ့ တစ်ခုက Yars ဒုံးကျည်များကို ပုံဖျက်ဖုံးကွယ်ကာ ကီလိုမီတာ ၁၀၀ အထိ ရွေ့ပြောင်းသယ်ဆောင်နေရာချထားသည့် လေ့ကျင့်ခန်းလည်း ပါဝင်ကြောင်း တာဝန်ရှိသူများ၏ပြောဆိုမှုကို ကိုးကား၍ Interfax သတင်းဌာနတွင် ဖော်ပြထားသည်။