ဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို အူဂါတီ လွဲချော်မည်

18 Oct

မန်ယူအသင်းကွင်းလယ်သမား ကစားသမား အူဂါတီ ဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ဘရန့်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အူဂါတီ ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ အီကွေဒေါ အသင်းတို့ပွဲတွင် ပွဲချိန်မိနစ် ၉၀ ၌ ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့ပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိခဲ့တဲ့အတွက် လူစားလဲ ထွက်ခွာခဲ့ရပါတယ်။ အူဂါတီ အနေနဲ့ ပေါင်ကြွက်သားဒဏ်ရာမှာ ပြင်းထန်မှုမရှိသော်လည်း ကြံ့ခိုင်မှုပြည့်ဝရန်အတွက် အနားယူ ရမည့်အခြေအနေကြောင့် ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်သွားရမှာဖြစ်ပါတယ်။ အူဂါတီ ဟာ ပြီးခဲ့တဲ့နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့စဉ်ကလည်း ဒူးဒဏ်ရာ ကြောင့် ရာသီအစပိုင်းပွဲစဉ်များကို လွဲချော်ခဲ့ကာ ပြီးခဲ့တဲ့စက်တင်ဘာလမှစတင်ပြီး ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် ဒဏ်ရာကြောင့် ထပ်မံအနားယူရမည်ဖြစ်ပြီး မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေးဘဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိတွင် မန်ယူအသင်း ကွင်းလယ်ပိုင်း၌ အူဂါတီ အပြင် အဓိကကစားသမားများဖြစ်တဲ့ ကိုဘီမိုင်နူး နဲ့ မေဆင်မောင့် တို့ကလည်း ဒဏ်ရာကြောင့်အနားယူနေရကြောင်း သိရပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .