အခြေခံဥပဒေအရ တောင်ကိုရီးယားက‌ မြောက်ကိုရီးယား၏ ရန်ဘက်နိုင်ငံဖြစ်သွားပြီဟုဆို

18 Oct

မြောက်ကိုရီးယားအမျိုးသားညီလာခံက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ၏ ကတိပြုမှုနှင့် အညီဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်ပြီဖြစ်သောကြောင့် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ ရန်ဘက်နိုင်ငံဖြစ်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား၏ KCNA သတင်းဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်‌ဖော်ပြထားသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသတ်မှတ်ချက်အရ ရန်ဘက်နိုင်ငံအပေါ် ပြတ်သားသော တရားဝင် လုပ်ဆောင်ချက်တစ်ခုအဖြစ် တောင်ကိုရီးယားနှင့် ကားလမ်း၊ ရထားလမ်း၊ ဆက်သွယ်မှုများအားလုံးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မြောက်ကိုရီးယားအမျိုးသားညီလာခံ အစည်းအဝေးကို ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပပြီးနောက် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က တောင်ကိုရီးယားနှင့် ပေါင်းစည်းရေးမလုပ်ဆောင်ခြင်းကို အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ် ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ လိုက်ပါပြင်ဆင်ခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံကြား သဘောထားတင်းမာမှုသည် တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ ဒရုန်းများ စေလွှတ်ကာ မြောက်ကိုရီးယားမကောင်းကြောင်း ပြောထားသည့်လက်ကမ်းစာစောင်များ ကြဲချပြီးနောက် ပိုမိုဆိုးဝါး လာခြင်းဖြစ်ကြောင်း သိရသည်။

18 Oct

ADVERTISE HERE .