VAR ဒိုင်ကို ဝေဖန်ခဲ့တဲ့ နော်တင်ဟမ်အသင်းကို ဒဏ်ငွေချမှတ်

16 Oct

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက VAR ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ စတူးအပ် အတ်ဝဲလ် ကို ဝေဖန်ခဲ့လို့ နော်တင်ဟမ်အသင်းကို ဒဏ်ကြေးငွေ စတာလင်ပေါင် ၇၅၀,၀၀၀ ချမှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နော်တင်ဟမ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)မှာ အဲဗာတန်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်၌ ပင်နယ်တီရရှိမည့် အခွင့်အ‌ရေးကို ခွင့်ပြုပေးခဲ့ခြင်းမရှိခဲ့လို့ VAR ဒိုင်ဖြစ်သူ စတူးအပ် အတ်ဝဲလ် ကို လူမှုကွန်ရက်စာမျက်နှာတွင် အပြင်းအထန်ဝေဖန်ခဲ့မှုကြောင့် အခုလို ဒဏ်ငွေချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ထုတ်ပြန်ချက်မှာ VAR ဒိုင်ဖြစ်သူကို ဝေဖန်ခဲ့လို့ နော်တင်ဟမ်အသင်းအား ဒဏ်ငွေချမှတ်ကြောင်းနဲ့ နောင်တွင်ယခုလိုကိစ္စမျိုး ထပ်မံပြုလုပ်ခြင်းမရှိဖို့ကို သတိပေးကြောင်း ထည့်သွင်းထုတ်ပြန် ခဲ့ပါတယ်။(NVS 008)

16 Oct

ADVERTISE HERE .