လာလီဂါတွင် တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ဗင်နီစီးယပ်စ်
16 Oct
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ စပိန်လာလီဂါမှာ ဈေးကွက်တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် က ယူရို သန်း ၂၀၀ ဖြင့် ထိပ်ဆုံးမှရပ်တည်ခဲ့ကြောင်း သိရပါတယ်။ သတင်းများရဲ့ ဖော်ပြချက်အရ ဗင်နီစီးယပ်စ် ဟာ ဈေးကွက်တန်ကြေး သတ်မှတ်ချက်တွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် ဘာပေ၊ ဘယ်လင်ဂမ်၊ ယာမယ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ကာမာဗင်ဂါ နဲ့ ချူအာမန်နီ တို့က အသီးသီးရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ဈေးကွက်တန်ကြေးကို ဖော်ပြမှုမှာ ကစားသမားရဲ့ အသက်အရွယ်၊ အောင်မြင်မှု၊ ခြေစွမ်း၊ ကိုယ်စားပြုသည့်ကလပ်အသင်း၊ လက်ရွေးစင်အသင်း၊ စာချုပ်သက်တမ်း တို့အပေါ်မှာ အခြေခံ၍ တွက်ချက်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗင်နီစီးယပ်စ် အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၁၈-၂၀၁၉ မှ ၂၀၂၄-၂၀၂၅ ရာသီအထိ ပြိုင်ပွဲစုံ ၂၇၆ ပွဲကစားပြီး ၈၇ ဂိုး သွင်းယူကာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။(NVS 008)